“မျက်စိမလည်နဲ့” ★★★★★★★★ မကောင်းတာတွေလုပ်ပြီး ကောင်းတာဖြစ်လာတယ်တို့၊ ကောင်းတာလ...
နှလုံးသားအာဟာရ's Facebook Wall / နှလုံးသားအာဟာရ / 4 hours ago
“မျက်စိမလည်နဲ့”
★★★★★★★★
မကောင်းတာတွေလုပ်ပြီး ကောင်းတာဖြစ်လာတယ်တို့၊
ကောင်းတာလုပ်ပြီး မကောင်းတာတွေဖြစ်လာတယ်တို့ဆိုတဲ့အခါမှာ
တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဓမ္မနဲ့အဓမ္မကို မျက်စိလည်သွားတာမျိုးတွေ ရှိတယ်။ အဲ့ဒါဟာ သဘာဝတရားရဲ့ ဖောက်ပြန်တာ မဟုတ်ဘူး။
ဆိုပါစို့ အခုမကောင်းတာ လုပ်နေတယ်။ဒါပေမယ့် ဒီလူဟာ ကြီးပွားနေတယ် ချမ်းသာနေတယ်။ဒါအခုလုပ်နေတဲ့ အဓမ္မ မကောင်းတဲ့အကျိုးကို
သူခံစားရတာ မဟုတ်သေးဘူး။တစ်ချိန်တုန်းက ကောင်းတာတွေ လုပ်ခဲ့တဲ့အကျိုးကို ခံစားနေရတယ်။အဲ့ဒီ ကွက်လပ်ကလေးကို မမြင်ဘူး
ဆိုရင် လူတွေကပြောကြတယ် မကောင်းတာလုပ်တဲ့သူလည်း ကောင်းစားတာပဲ။ကောင်းတာ လုပ်တဲ့ကောင်က ဆင်းရဲတယ်။
အဲ့ဒါမျိုး သဘာဝတရားဟာ သူ့ရဲ့ Law ကိုပြောင်းလဲပစ်တာမျိုး
ဘယ်တော့မှ မရှိနိုင်ဘူး ဒါစိတ်ချ။ဘယ်တော့မှ မပြောင်းဘူး။
လူတွေမျက်စိလည်သွားတာပဲ ရှိတယ်ပေါ့။ဒါက လောကကြီးမှာအချိန်စောင့်ရတယ်ဆိုတာက ရှိတာပဲလေ။ထမင်းချက်တာ
တောင်မှ ကျက်ဖို့အချိန်ပိုင်းလေး စောင့်ရသေးတယ်။ဒီထက်လွဲတဲ့ ခေါက်ဆွဲခြောက်လေးတောင် (၃)မိနစ်လောက် စောင့်ရသေးတာပဲ။
မစောင်လို့ ရမှမရပဲ။အခုလုပ် အခုကောင်းစားချင်လို့ ဘယ်ရမလဲ။အေးဒါ့ကြောင့်မို့ ကောင်းတဲ့အပေါ်မှာလည်း သံသယမရှိနဲ့။
မကောင်းတဲ့အပေါ်မှာလည်း သံသယ မရှိနဲ့။မကောင်းတာဟာ မကောင်းတဲ့အကျိုးပဲ ပေးမယ်။ကောင်းတာဟာ
ကောင်းကျိုးပဲပေးမယ်ဆိုတာ ဒါ The Law of Nature ပဲ။ဘယ်တော့မှ မပြောင်းလဲတဲ့ ဘယ်တော့မှ
ခေတ်မတိမ်တဲ့ သဘာဝတရားကြီးရဲ့ ဥပဒေသပဲ။
{ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး}
Visit website
Saturday, April 11, 2015
မျက်စိမလည်နဲ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment