images
နဝမတန်း(ပြင်ပဖြေ) စာမေးပွဲ မေလတွင် ကျင်းပမည်
………………………………………………………………………………..
ကျောင်းပြင်ပသို့ ရောက်ရှိနေ သည့် ကျောင်းသားများ ဝင်ရောက်ဖြေဆိုနိုင်မည့် နဝမတန်း (ပြင်ပဖြေ) စာမေးပွဲကို မေလ ၄ မှ ၁၁ ရက်အထိ ဖြေဆိုရမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာသည်။
အခြေခံပညာကျောင်းများ တွင် အဋ္ဌမတန်းအောင်မြင်သည် အထိ ပညာသင်ယူခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားများအတွက် ပြင်ပဖြေစာမေးပွဲကို စီစဉ်ထားခြင်းဖြစ်သည်။
န၀မတန်း (ပြင်ပဖြေ)စာမေး ပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်း သားများအနေဖြင့် အဋ္ဌမတန်း အောင်လက်မှတ်တင်ပြ၍ ၀င် ရောက်ဖြေဆိုနိုင်မည်ဖြစ်ပြီး ဇွန်လကျောင်းဖွင့်ချိန်အမီ အောင်စာရင်းထုတ်ပြန်မည်ဖြစ်သည်။
‘‘ကျောင်းပြင်ပဖြေ ကလေးတစ်ယောက်က အခုစာမေးပွဲမှာ အောင်ခဲ့ရင် ဇွန်လမှာပြန်ဖွင့်မယ့်ကျောင်းဖွင့်ချိန်မှာ ၁၀တန်းကို နေ့တက်ပြန်တက်လို့ရတယ်။ သူတို့ရဲ့အောင်စာရင်းကို ဇွန်လ ၁ ရက် ကျောင်းဖွင့်အမီ ပြန်ထုတ်ပေးရတယ်။ ဒီပြင်ပဖြေစာမေးပွဲက နှစ်တိုင်း ကျောင်းပြင်ပကကျောင်းသားတွေအတွက် စာမေးပွဲပြုလုပ်ပေးနေကျပါ’’ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
အဆိုပါစာမေးပွဲ မေးခွန်းများမှာ သက်ဆိုင်ရာ မြို့နယ်ပညာ ရေးမှူးက ဖွဲ့စည်းပေးထားသည့် ဘာသာရပ်ပြဆရာများက မေးခွန်းပြုစုရပြီး မြို့နယ်ပညာရေးမှူးပါ ဝင်သောအဖွဲ့က ကြီးကြပ်စစ်ဆေး ၍ အအောင်၊ အရှုံးသတ်မှတ်ပေး ကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အခြေခံပညာအထက်တန်း ကျောင်းများတွင် ပုံမှန်တက်ရောက်နေသည့်နဝမတန်း ကျောင်းသားများအတွက်အတန်းတင်စာမေးပွဲကို မတ်လ ၅ မှ ၇ ရက်အထိ ကျင်းပခဲ့ပြီး ဧပြီလ ၁၈ ရက်တွင် သက်ဆိုင်ရာ ကျောင်းများအလိုက် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
ယခုနှစ်ပညာသင်နှစ်မှ စတင်၍ နဝမတန်းအောင်မြင် ထားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပထမအကြိမ်ဖြေဆိုမည့် ကျောင်းသားများအား ပြင်ပဖြေအဖြစ် လာမည့်တက္ကသိုလ်ဝင် စာမေးပွဲတွင်ဝင်ရောက် ဖြေဆိုခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းထွက်နှုန်းမြင့်မားနေဖြင်းကြောင့် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားများအတွက်ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရန် အရေးတကြီးလိုအပ်နေသည်။
ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်မြို့ မျိုးထွန်း adms Thank .Wecome to ရှုတိုင်းယဉ်
No comments:
Post a Comment