(၁) မိနစ်အတွင်း အားအပြည့် သွင်းနိုင်မယ့် မိုဘိုင်းလ် ဖုန်းဘက်ထရီ သုတေသီတွေ မိတ်ဆက်
…………………………………………………………………………………….
Standford တက္ကသိုလ် သုတေသီတွေက (၁) မိနစ်အတွင်း ဓာတ်အား အပြည့်သွင်းနိုင်တဲ့ ဘက်ထရီတစ်မျိုး မိတ်ဆက်ခဲ့ပါတယ်။ ယင်းအလူမီနီယမ်ဘက်ထရီဟာ စမတ်ဖုန်းတွေမှာသုံးတဲ့ လက်ရှိ lithium-ion battery နေရာမှာ အစားထိုးသုံးနိုင်တဲ့ အမျိုးအစား တစ်ခုဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေတာ သို့မဟုတ် အလွယ်တကူ မီးလောင်ပေါက်ကွဲမှု မရှိကြောင်း သုတေသီများ အခိုင်အမာ ဆိုထားပါတယ်။
သဘာဝ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးဖြစ်စေတဲ့ Alkaline battery နဲ့ ရံဖန်ရံခါ မီးလောင်ပေါက်ကွဲတတ်တဲ့ lithium-ion battery စတဲ့ သိုမှီးကိရိယာ (storage devices) တွေမှာ အစားထိုး သုံးနိုင်မယ့် အားပြန်သွင်းနိုင်သော aluminium battery အမျိုးအစားတစ်ခု တီထွင်ခဲ့တာဖြစ်ကြောင်း Standford မှ ဓာတုဗေဒပညာရပ် ပါမောက္ခ Hongjie Dai က ပြောဆိုခဲ့ပါတယ်။
ဒီဘက်ထရီ အမျိုးအစားသစ်က ထုခွဲရင်တောင် မီးမလောင်ဘူးလို့ အာမခံထားပါတယ်။
ဒီဘက်ထရီရဲ့ ထူးခြားချက် နှစ်ခုက ကွေးလို့ ရနိုင်တာရယ်နဲ့ အကုန်ကျစရိတ် သက်သာတာဖြစ်ပါတယ်။
Ref: CCTV-Africa
ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်မြို့ မျိုးထွန်း adms Thank .Wecome to ရှုတိုင်းယဉ်
No comments:
Post a Comment