သင်္ကြန်မှာဖုန်းရေစိုသွားရင်... သင်္ကြန်မှာ ဖုန်းတွေရေစိုပြီးပျက်တာ မနည်းပါဘူး။ အဲ့ဒ...
Mobile Guide Journal's Facebook Wall / Mobile Guide Journal / 4 days ago
သင်္ကြန်မှာဖုန်းရေစိုသွားရင်...
သင်္ကြန်မှာ ဖုန်းတွေရေစိုပြီးပျက်တာ မနည်းပါဘူး။ အဲ့ဒါကြောင့် ဖုန်းရေမစိုအောင် ဘယ်လိုကာကွယ်မလဲ။ စိုခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
၁) ရေစိုခံကာဗာတပ်ပါ။ သင်္ကြန်တွင်းမှာ ရေစိုခံအိတ်တွေခေတ်စားပါတယ်။ ဒါပေမဲ့သူတို့ဟာ ၁၀၀% စိတ်မချရပါဘူး။ ရေစိုခံကာဗာဝယ်တပ်လိုက်ပါ။ ရေစိုခံတာအပြင်ပြုတ်ကြတာကိုပါ ကာကွယ်ပေးပါလိမ့်မယ်။
၂) မကြာခဏဖုန်းကိုကြည့်ရှုပါ။ တစ်နေကုန်ဖုန်းကို အိတ်ထဲမထည့်ထားပါနဲ့။ ထုတ်ကြည့်ပါ။ ပူနေတတ်ပါတယ်။ ရေစိုနေတတ်ပါတယ်။ ပူနေရင် အပြင်မှာခဏထုတ်ထားပါ ဒါမှမဟုတ် ခဏပါဝါပိတ်ပြီးအိတ်ထဲပြန်ထည့်ထားပါ။
၃) ဖုန်းရေစိုတာကိုသိသိချင်း power ပိတ်လိုက်ပါ။ power ပိတ်ဖို့ touch ကြောင်နေရင် hardware button များကိုအသုံးပြုပြီးသက်ဆိုင်ရာ ဖုန်းအလိုက် ပါဝါပိတ်ပါ (ဥပမာအိုင်ဖုန်းမှာဆို power + home button)။ ဘက်ထရီထုတ်လို့ရရင် ထုတ်ထားလိုက်ပါ။
၎) ခြောက်သွေ့တဲ့နေရာမှာထားပါ။ အဝတ်တစ်ခုခုပေါ်တင်ထားပါ။ ၃ နာရီလောက်ထားပြီး ပါဝါပြန်ဖွင့်ကြည့်ပါ။ ပါဝါပွင့်လာရင် အဆင်ပြေပါတယ်။ စိတ်ချရအောင် အဝတ်ပေါ်မှာဖြစ်ဖြစ် ခြောက်သွေ့တဲ့နေရာမှာဖြစ်ဖြစ် တစ်ညလောက်ထပ်ထားထားပါ။
၅) ပါဝါလုံးဝဖွင့်မရဘူး ရေတွေဝင်နေတယ်ဆိုရင် အခြေအနေမကောင်းလှပါဘူး။ ကျွမ်းကျင်တဲ့ဖုန်း service ဆိုင်မှာပြလိုက်ပါ။ မန္ဒလေးမှာဆိုသင်္ကြန်ပြီးရင် ကျွန်တော်တို့ MMAS မှာလာရောက်ပြနိုင်ပါတယ်။
အောက်ကအချက်တွေက မလုပ်ဆောင်သင့်တဲ့အချက်တွေပါ
၁) ရေစိုဖုန်းကို လုံးဝ dryer နှင့်မမှုတ်ရပါ။
၂) ရေစိုဖုန်းကို ရေမခြောက်ပဲ power မဖွင့်မိပါစေနှင့်
Credit .......... Myat Min Soe (MMAS)
Visit website
ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်မြို့ မျိုးထွန်း adms Thank .Wecome to ရှုတိုင်းယဉ်
No comments:
Post a Comment