Thursday, April 30, 2015
Wednesday, April 29, 2015
Thursday, April 23, 2015
(၁) မိနစ်အတွင်း အားအပြည့် သွင်းနိုင်မယ
(၁) မိနစ်အတွင်း အားအပြည့် သွင်းနိုင်မယ့် မိုဘိုင်းလ် ဖုန်းဘက်ထရီ သုတေသီတွေ မိတ်ဆ...
မြဝတီ နည်းပညာ's Facebook Wall / မြဝတီ နည်းပညာ / 5 days ago
(၁) မိနစ်အတွင်း အားအပြည့် သွင်းနိုင်မယ့် မိုဘိုင်းလ် ဖုန်းဘက်ထရီ သုတေသီတွေ မိတ်ဆက်
Standford တက္ကသိုလ် သုတေသီတွေက (၁) မိနစ်အတွင်း ဓာတ်အား အပြည့်သွင်းနိုင်တဲ့ ဘက်ထရီတစ်မျိုး မိတ်ဆက်ခဲ့ပါတယ်။ ယင်းအလူမီနီယမ်ဘက်ထရီဟာ စမတ်ဖုန်းတွေမှာသုံးတဲ့ လက်ရှိ lithium-ion battery နေရာမှာ အစားထိုးသုံးနိုင်တဲ့ အမျိုးအစား တစ်ခုဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေတာ သို့မဟုတ် အလွယ်တကူ မီးလောင်ပေါက်ကွဲမှု မရှိကြောင်း သုတေသီများ အခိုင်အမာ ဆိုထားပါတယ်။
သဘာဝ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးဖြစ်စေတဲ့ Alkaline battery နဲ့ ရံဖန်ရံခါ မီးလောင်ပေါက်ကွဲတတ်တဲ့ lithium-ion battery စတဲ့ သိုမှီးကိရိယာ (storage devices) တွေမှာ အစားထိုး သုံးနိုင်မယ့် အားပြန်သွင်းနိုင်သော aluminium battery အမျိုးအစားတစ်ခု တီထွင်ခဲ့တာဖြစ်ကြောင်း Standford မှ ဓာတုဗေဒပညာရပ် ပါမောက္ခ Hongjie Dai က ပြောဆိုခဲ့ပါတယ်။
ဒီဘက်ထရီ အမျိုးအစားသစ်က ထုခွဲရင်တောင် မီးမလောင်ဘူးလို့ အာမခံထားပါတယ်။
ဒီဘက်ထရီရဲ့ ထူးခြားချက် နှစ်ခုက ကွေးလို့ ရနိုင်တာရယ်နဲ့ အကုန်ကျစရိတ် သက်သာတာဖြစ်ပါတယ်။
Ref: CCTV-Africa
Visit website
ဖုန်းဘက်ထရီ
ဖုန်းဘက်ထရီ ချွေတာပေးပြီး ပိုမိုကြာရှည်ခံစေမယ့် နည်းလမ်းများ iPhone 6 စတဲ့ hi...
မြဝတီ နည်းပညာ's Facebook Wall / မြဝတီ နည်းပညာ / 4 days ago
ဖုန်းဘက်ထရီ ချွေတာပေးပြီး ပိုမိုကြာရှည်ခံစေမယ့် နည်းလမ်းများ
iPhone 6 စတဲ့ hi-tech ဖြစ်တဲ့ မော်ဒယ်လ်သစ်တွေ သုံးစွဲသူများတောင် nagvigation နဲ့ ဗီဒီယို စတာတွေ သုံးတဲ့အခါ ဘက်ထရီကို တစ်ရက်ထက် ပိုမိုကြာရှည်ခံဖို့ နပန်းလုံးနေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်စမတ်ဖုန်း ဘက်ထရီပဲဖြစ်ဖြစ် ကြာကြာခံနိုင်စေမယ့် နည်းလမ်းတချို့ရှိပါတယ်။
(၁) ဖုန်းကို နေရောင်အောက်မှာ မထားခဲ့ပါနဲ့
(၂) Brightness အလင်းလျော့ပါ
(၃) မလိုအပ်ပဲ screen ကို ဖွင့်ပြီး မထားခဲ့ပါနဲ့
(၄) vibrate မသုံးပါနဲ့
(၅) သင့်တော်ကောင်းမွန်တဲ့ screensaver သုံးပါ
(၆) ဖုန်းကို အမြဲနိုးကြားစေတဲ့ apps တွေ ရှင်းထုတ်ပစ်ပါ
(၇) ringtone နဲ့ အချက်ပေးသံတွေ ပိတ်ထားပါ
(၈) Bluetooth, GPS နဲ့ Wi-Fi ကို ပိတ်ထားပါ
(၉) voice control ပိတ်ထားပါ
(၁၀) လိုအပ်လာပါက 3G, 4G ကို off လုပ်ပါ
Visit website
Wednesday, April 22, 2015
လှူတော့လှူပါရဲ့
"လှူတော့ လှူပါရဲ့" ★★★★★★★★★ ဒါနတော ဘောဂဝါ - “လှူရင် ချမ်းသာမယ်” တဲ့။ လှူလိုက်...
နှလုံးသားအာဟာရ's Facebook Wall / နှလုံးသားအာဟာရ / 2 days ago
"လှူတော့ လှူပါရဲ့"
★★★★★★★★★
ဒါနတော ဘောဂဝါ -
“လှူရင် ချမ်းသာမယ်” တဲ့။
လှူလိုက်တယ်။
အကျိုးဆက်ကြောင့် ချမ်းသာတယ်။
ဒါပေမယ့် ချမ်းသာခြင်းနဲ့အတူ ပြည့်စုံမှုအားလုံးကို
ဘာကြောင့် ဆွဲမခေါ်နိုင်ခဲ့ရတာလဲ။
လှပခြင်း၊သြဇာကြီးခြင်း၊လိုတရခြင်း၊ရောဂါကင်းပြီး
ကောင်းတာတွေကို စိတ်တိုင်းကျ သုံးဆောင်ရခြင်း၊
ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ခြင်း…
ဒါတွေမပြည့်စုံဘဲနဲ့ရော မိမိရဲ့ ချမ်းသာကြွယ်ဝမှုက
အဓိပ္ပါယ်ရှိမှာလား။
ပိုက်ဆံတစ်ခုတည်းရှိပြီး ဒီအချက်တွေ ကင်းကွာနေရင်
ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်ပါ့မလဲ။ ကိုယ့်မှာမရှိတာတွေ
သူများမှာရှိနေတာကိုမြင်ပြီး (ငွေနဲ့ ၀ယ်မရတဲ့ အရာတွေကို)
ဝယ်ယူဖို့ ကြိုးစားရင်း ဣဿာတွေ ထိန်းမရဖြစ်ပြီးတော့
အပါယ်လေးပါးမှာပါ ခေါင်းမြုပ်သွားနိုင်ပါတယ်။
ဒီတော့ မိမိတို့ ပုထုဇဉ်တွေ မကင်းနိုင်သေးလို့
သံသရာခရီးကို လျှောက်ရတဲ့အခါ ကျော့ကျော့လေး
ဖြတ်သန်းနိုင်ဖို့ ချမ်းသာပြည့်စုံခြင်းရဲ့
အကြောင်းတရားတွေရှာကြည့်ရအောင်…။
(၁) ချမ်းတော့ချမ်းသာပါရဲ့
ရုပ်ကဆိုးနေတာ ဘာကြောင့်ပါလိမ့် ? ။
“သဒ္ဓါတရားနဲ့ မလှူခဲ့လို့ပါ” တဲ့။
သဒ္ဓါယ ဒါနံ ဒေတိ =
ဘုရား၊ တရား၊ သံဃာနဲ့ ကံ၊ကံရဲ့အကျိုးတွေကို
ယုံယုံ ကြည်ကြည် သဒ္ဓါတရားနဲ့
လှူခဲ့မယ်ဆိုရင်...
(ယတြာချေသလို လှူတာ မဟုတ်ဘူးဆိုရင်)
ဥစ္စာပေါ ရုပ်ချော ဖြစ်ပါလိမ့်မယ်တဲ့။
(၂) ချမ်းတော့ချမ်းသာပါရဲ့
ကိုယ့်သားသမီး တပည့်လက်အောက်ငယ်သားတွေကို
ပြောမနိုင်၊ဆိုမနိုင် ဖြစ်နေရတာ ဘာကြောင့်ပါလိမ့် ? ။
“ရိုရိုသေသေ မလှူခဲ့လို့ပါ” တဲ့။
သက္ကစ္စံ ဒါနံ ဒေတိ =
အလှူခံပုဂ္ဂိုလ်တွေကို
ရိုရိုသေသေလှူခဲ့မယ်ဆိုရင်...
ကိုယ်ပြောသမျှ အောင်မြင်ပြီးဘယ်သူ့အပေါ်ပဲဖြစ်ဖြစ်
သြဇာညောင်းပါသတဲ့။
(၃) ချမ်းတော့ချမ်းသာပါရဲ့
လိုတာမရ ၊ ရတာမလို ဖြစ်နေရတာ
(ငွေပေးဝယ်လို့မရတာ) ဘာကြောင့်ပါလိမ့် ? ။
“ကာလဒါန မပြုခဲ့လို့ပါ” တဲ့။
ကာလေန ဒါနံ ဒေတိ =
လိုတဲ့အချိန်မှာလိုတဲ့ပစ္စည်းကို
လိုသလို လှူခဲ့မယ်ဆိုရင်...
ကိုယ်လိုတာကိုလည်းလိုတဲ့အချိန်မှာ
လိုသလို ရပါလိမ့်မယ်တဲ့။
(၄) ချမ်းတော့ချမ်းသာပါရဲ့
ကောင်းတာတွေနဲ့မတဲ့တာ
(သွေးတိုးရှိလို့၊ ဆီးချိုရှိလို့ ဟိုဟာမတဲ့၊
ဒီဟာမတဲ့ ဖြစ်ရတာ) ဘာကြောင့်ပါလိမ့် ? ။
“မကောင်းတတ်လို့ဆိုပြီး လှူခဲ့ကြလို့ပါ” တဲ့။
အနုဂ္ဂဟိတ စိတ္တေန ဒါနံ ဒေတိ =
အလှူခံပုဂ္ဂိုလ်ရဲ့ဂုဏ်ကို
အာရုံပြုပြီး ချီးမြှောက်လိုသောစိတ်နဲ့၊
မငြိကပ်ဘဲ လှူခဲ့မယ်ဆိုရင်...
ကိုယ်စားချင်တာ၊ ကောင်းတာတွေနဲ့ တည့်ပြီး
ကောင်းတာတွေ သုံးဆောင်ရပါသတဲ့။
(၅) ချမ်းတော့ချမ်းသာပါရဲ့
ရန်သူမျိုး ငါးပါးရန်ကမလွတ်ကင်းတာ ဘာကြောင့်ပါလိမ့် ? ။
“ဂုဏ်တုဂုဏ်ပြိုင်လုပ် လှူခဲ့လို့ပါ” တဲ့။
အတ္တာနဉ္စ၊ ပရဉ္စ အနုပါဟစ္စံ ဒါနံ ဒေတိ =
မိမိဂုဏ်ကိုလည်းမဖော်၊ သူတစ်ပါးကိုလည်း မနှိမ့်ချ၊
ဘယ်သူ့ကိုမှ မထိခိုက်ဘဲ မာနကင်းကင်းနဲ့
လှူခဲ့မယ်ဆိုရင်...ရေ, မီး, မင်း, ခိုးသူ, အမွေခံဆိုးတို့ရဲ့
ရန်က ကင်းပါသတဲ့။
ဒါကြောင့် ...
ချမ်းချမ်းသာသာ၊ လှလှပပ၊
သြဇာတိက္ကမ၊ ကြီးလွန်းလှ၍၊
လိုရာရပြန်၊ အကောင်းမှန်သမျှ၊
သုံးဆောင်ရသည့် ကင်းပရန်သူ
ဖြစ်ရန်မူကား....
ကြည်လင်သဒ္ဓါ ရိုသေစွာဖြင့်
လိုရာကိုရွေး ချီးမြှောက်ပေးကာ
ငါမှလှူနိုင် ဂုဏ်မပြိုင်ဘဲ
ဉာဏ်ဖြင့်စွဲလျက်၊ ကျိုးရင်းဆက်ကို၊
သိလျက်ရွှင်လန်း နိဗ္ဗာန်မှန်းကာ
လှူပါစေသောဝ် လှူစေသောဝ်....။
[စာရေးသူ - ဓမ္မရနံ့ ]
Visit website
Tuesday, April 21, 2015
မြင့်မိုရ်ဦးဆီ
“မြင့်မိုရ်ဦးဆီ….” ••••••••••••••••••••••• မြင်းမိုရ်တောင်ဆိုတာ ဘယ်ဆီမှာ ရှိတယ်...
Young Buddhist's Association / 18 hours ago
“မြင့်မိုရ်ဦးဆီ….”
•••••••••••••••••••••••
မြင်းမိုရ်တောင်ဆိုတာ ဘယ်ဆီမှာ ရှိတယ်လို့ မသိကြပေမယ့်၊
“မြင့်မိုရ်တောင်ဦး”ဆိုတဲ့ စကားကိုတော့ လူတိုင်းလိုလို
ပြောဖူး၊ကြားဖူး ကြမှာပါ။
“မြင်းမိုရ်တောင်ဦး၊ မကကျူး၊ ကျေးဇူးကြီးလှ၊ မိနှင့်ဖ”
ဆိုတဲ့ ဆုံးမစကားဟာ သားသမီးတိုင်းက
မပြတ်ကြည့်နေရမည့် ဘ၀မှတ်တမ်းကြီး တစ်ခုဖြစ်သလို
မိဘတိုင်း တက်လှမ်းပြရမည့် လောကပန်းတိုင်ကြီးကို
ညွှန်ပြနေတယ်လို့ ထင်မိပါတယ်။
သားသမီးများအနေနဲ့ “မိဘ”ဆိုတာ ဘ၀သခင်
ကျေးဇူးရှင် အစစ်ဖြစ်တာမို့ ဘယ်လို အခြေအနေမျိုးမှာပဲ
ရှိနေနေ “မြင်းမိုရ်ဦး”အဖြစ် သိမြင်ခံယူ ကြရမှာ
ဖြစ်ပေမယ့် မိဘများအနေနဲ့တော့ ကိုယ့်မှာ
သားသမီးရှိလာရုံနဲ့ ငါဟာ မြင်းမိုရ်တောင်ဦးကို
ရောက်ပြီလို့ မမှတ်ယူသင့်သေးဘူးလို့ ထင်ပါတယ်။
ဒီလိုတာဝန်မဲ့ ခံယူခဲ့ရင် ဒီနေရာ ရောက်အောင်
စားဝတ်နေရေးသာမက အမျိုးဘာသာသာသနာရေး၊
ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှု စတဲ့ ဘက်ပေါင်းစုံနဲ့
သားသမီးတိုင်းရဲ့ စံနမူနာ ဖြစ်အောင် ဘိုးဘွားမိဘတို့ရဲ့
ကျေးဇူးတရားကို ကိုယ်ကစပြီး ချေဖျက်ပြနေသလို
ဖြစ်သွားပါလိမ့်မယ်။
လူဆိုတာ ပတ်ဝန်းကျင်ရဲ့ အကူအညီ
အစောင့်အရှောက်နဲ့ သွန်သင်ဆုံးမမှုတို့ကို
ခံယူရရှိခဲ့လို့သာ တခြားသတ္တ၀ါတွေထက်
ထူးချွန်ပြီး တိုးတက်ခဲ့တာပါ။
တိရစ္ဆာန် များလို အလွန်ဆုံး အတောင် အလက်စုံရုံ၊
ကိုယ့်အစာ ကိုယ်စားတတ်ရုံလောက်နဲ့
စွန့်ပစ်ထားခဲ့မယ်ဆိုရင် တိရစ္ဆာန် သတ္တ၀ါများ လိုပဲ၊
ဘာမျှ တိုးတက် ပြောင်းလဲလာနိုင်စရာမရှိပါဘူး။
■တိရစ္ဆာန် အမိအဖများဟာ သားသမီးအပေါ်မှာ
ထားရှိတဲ့ သူတို့ရဲ့ မေတ္တာတရားကို မြင်းမိုရ်ဦး အထိ
လျှောက်လှမ်းမပြနိုင်ခဲ့လို့လည်း တိရစ္ဆာန် မိဘများဟာ
အနန္တ ဂိုဏ်းဝင် စာရင်းထဲမှာ မပါဝင်သလို သတ်ဖြတ်မိတဲ့
သားသမီးများကိုလည်း ပဉ္စာနန္တရိယကံ
မထိုက်လေရောသလားလို့ စဉ်းစားမိပါတယ်။
လူသားဖြစ်တဲ့ မိဘတို့ရဲ့ ကျေးဇူးတရားဟာ
မြင်းမိုရ်တောင်ဦး မကကျူးလောက်အောင်
ဘယ်လောက်အထိ ဘယ်လိုစနစ်တကျ
ဘက်စုံထောင့်စုံ လျှောက်လှမ်းခဲ့တယ်ဆိုတာ
တစိမ့်စိမ့် စဉ်းစားကြည့်တဲ့အခါ ရှေးအဆက်ဆက်က
ဘိုးဘွားမိဘတို့ရဲ့ မြင်းမိုရ်ခရီးဟာ စာတမ်းတစ်ခု
ပြုစုဖို့တောင် ကောင်းမယ်လို့ ထင်မိပါတယ်။
မြန်မာ့ရှေးရိုးစဉ်လာအရ မိဘက သားသမီးကို
စားသောက်တတ်ဖို့၊စကားပြောတတ်ဖို့ဆိုတဲ့
သဘာဝလုပ်ငန်းကို သင်ပြခဲ့တာကတော့
တခြားလူမျိုး အားလုံးတို့ နည်းတူ သူ့ဓလေ့ ၊
သူ့သဘာဝ အတိုင်း စားသောက်၊
ပြောဆိုစေခဲ့တာဖြစ်လို့ ထူးထူးခြားခြား
ပြောစရာရှိလှမယ် မဟုတ်ပါဘူး။
■အရေးပါပြီး အခြေခံလည်းကျလှတဲ့
“အရှက်အကြောက်” ကို သင်ပြရာမှာတော့
မြန်မာလူမျိုးများဟာ ဘယ်လူမျိုးနှင့်မှ မတူအောင်
အလေးအနက် ထားခဲ့ကြတယ်လို့
သဘောပေါက်မိပါတယ်။
ကလေးငယ်တစ်ယောက် အနှီးပိတ်ခွာရပြီဆိုကတည်းက
“အရှက်အကြောက်”ကို ဖျက်ဆီးတတ်တဲ့ အင်္ဂါကြီးငယ်တို့ကို
လုံခြုံအောင် ဖုံးလွမ်းတဲ့ အလေ့ အထက တစ်ခါတည်း
ပါလာပါပြီ။ တစ်နည်းပြောရရင်တော့ မရှက်တတ်ခင်
အရွယ်ကပင် အရှက်ကို စပြီး သင်ပေးခဲ့တာပါ။
အရွယ်ရောက်လို့ ကိုယ့်ဓလေ့အတိုင်း
ဝတ်ဆင်တတ်တဲ့ အခါမှာောတ့ မိန်းကလေးများအတွက်
အရှက်အကြောက်ကို ကာကွယ်ဖို့ လိုအပ်တဲ့နေရာမှာ
အ၀တ်က အနည်းဆုံး သုံးထပ်၊သုံးလွှာ
ဖုံးလွှမ်းပြီးဖြစ်တဲ့ ၀တ်ဆင်မှု ဓလေ့ကို တီထွင်ခဲ့တာပါ။
ယောက်ျားလေးများအတွက်လည်း ယောက်ျားသဘာဝနဲ့
လိုက်လျောညီထွေ ဟိရီသြတ္တပ္ပဂုဏ်ကို ကာကွယ်တဲ့
ဝတ်ဆင်မှု ဓလေ့ ချမှတ်ခဲ့တာပါတယ်။
ဒီဝတ်ဆင်မှု ဓလေ့များဟာ ကျန်းမာရေး ရှုထောင့်က
ကြည့်မယ်ဆိုရင်လည်း အပူပိုင်းဒေသနဲ့ အံဝင်ခွင်ကျ
ဖြစ်လှတာမို့ ရှေးမြန်မာကြီးများဟာ အရာရာမှာ
ဘက်စုံထောင့်စုံ ရှိလှတယ်လို့ ဆိုခဲ့တာပါ။
အန္တရာယ် ရှိတဲ့အတွက် အခြား ကြောက်လန့်သင့်တဲ့
နေရာများကိုလည်း အရွယ်အားလျော်စွာ ကြောက်တတ်အောင်
သင်ပြခဲ့ကြတာတွေ အများကြီးရှိပါတယ်။
မြေစလောင်းဖုံး များကိုသာ သုံးခဲ့တဲ့ခေတ်ဆီက
“စလောင်း နှစ်ချက်တီးရင် ကျားကြီး ကိုက်တတ်တယ်”
စတဲ့ ဆိုရိုးများဟာ သိပ္ပံနည်းမကျတဲ့ အဓိပ္ပါယ်မဲ့
ဆိုရိုးများမဟုတ်ပါဘူး။ သူ့ရည်ရွယ်ချက်နဲ့သူ
သိပ္ပံနည်းထက် ထိရောက်တဲ့ အန္တရာယ်
ကာကွယ်နည်းများဖြစ်ပါတယ်။ ဒါတွေ အားလုံးကတော့
တီထွင်သူရဲ့ ရည်ရွယ်ချက် ရှုထောင့်ကို စနစ်တကျ
ဖော်ထုတ်ပြီး စာတမ်းတစ်စောင်လောက် ပြုကြည့်မှသာ
ပိုပြီး ထင်ရှား သိသာမှာပါ။
■“ဟိရီ သြတ္တပ္ပ” လို့ခေါ်တဲ့ အရှက်အကြောက်ကို
ကာကွယ်မှုကိုပဲ နည်းနည်းတိုးပြီး စဉ်းစား
ကြည့်စေချင်ပါတယ်။
■ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ရဲ့
အမြင့်ဆုံး မျှော်မှန်းချက် ဖြစ်တဲ့ ဒုက္ခအားလုံးမှ
လွတ်မြောက်မှု(၀ိမုတ္တိ)ကို ရရှိနိုင်ဖို့အတွက်
အစဉ်အတိုင်း ကျင့်သုံးပြည့်စုံရမည့်
“တရား(၇)ပါး” ကို “အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၊
ဟိရီသြတ္တပ္ပသုတ်” မှာ မြတ်စွာဘုရားရှင်က
ဟောကြားတော်မူခဲ့ပါတယ်။
(၁)အရှက်အကြောက် ဟိရီသြတ္တပ္ပ၊
(၂) အိနြေ္ဒ စောင့်စည်းမှု၊
(၃)ကိုယ့်ကျင့်သီလ၊
(၄) တည်ကြည်မှုသမာဓိ၊
(၅) အမှန်အတိုင်းသိမှု ပညာ၊
(၆)ငြီးငွေ့ထိတ်လန့်မှု နိဗ္ဗန္ဒ နှင့် သံဝေဂ၊
(၇) ဒုက္ခ မှ လွတ်မြောက်မှု ၀ိမုတ္တိတို့ ဖြစ်ပါတယ်။
ဒီတရားများနဲ့ ပတ်သက်လို့ ကင်းဝန်မင်းကြီး ဦးကောင်းက
“ရှေးတည်မှ နောက်ပြည့်စုံ၊ ရှေးသုန်လျှင် နောက်ယွင်း”
လို့ ရေးထားပါတယ်။ ဟိရီသြတ္တပ္ပစတဲ့ ရှေးရှေးအကျင့်တွေ
တည်ရှိမှ နောက်အဆင့်ဆင့် ပြည့်စုံနိုင်မယ်။
ရှေးရှေးတရားတွေ ဆိတ်သုဉ်းချို့ယွင်းခဲ့ရင်
နောက်နောက် တရားတွေလည်း ချို့ယွင်းသွားမယ်လို့
ဆိုတာပါ။
ဒါကြောင့်လည်း “ဒွေးဓမ္မစင်အဖြူကို မခင်မှု
မဂ်ဖိုလ်ဝေးတဲ့ပြင်၊ လူရေးလူရာတွင် လားမျှ မ၀င်”
လို့ ကျမ်းဂန်နှင့်အညီ သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါကိုကြည့်ရင် ဟိရိသြတ္တပ္ပ တရားဟာ မြတ်ဗုဒ္ဓ ကျင့်စဉ်မှာ
အခြေခံ အုတ်မြစ် အစစ်ဖြစ်ပါတယ်။ ဒီတရားချို့ယွင်းလျှင်
မဂ်ဖိုလ်ကို အသာထား၊ လူကြားထဲမှာ လူရာဝင်အောင်
ရပ်တည်ရဲဖို့ကို မဖြစ်နိုင်ပါဘူး။ ဒီတရားနှစ်ပါး
စောင့်ထိန်းရေးမှာ “၀တ်ဆင်မှု” ဟာ အဓိက
အရေးပါနေပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရဲ့
သားတော်များအတွက် ခါးဝတ်ကို ၀တ်ဆင်ရာမှာ
“ဟိရီဂုဏ်ကို ဖျက်ဆီး တတ်တဲ့ အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းဖို့”
လို့ နှလုံးသွင်း ဆင်ခြင်ပြီး အဲဒီ အင်္ဂါနေရာမှာ အ၀တ်ကို
(၇)ထပ် အထိ ဖုံးလွှမ်းပြီးဖြစ်အောင် ၀တ်ဆင်ရတဲ့
စနစ်ကို မြတ်စွာဘုရားရှင်က ချမှတ်ပေးခဲ့တာပါ။
မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့
ရှေးခေတ်ဘိုးဘွား မိဘများကလည်း ဒီတရား နှစ်ပါးကိုပဲ
အခြေခံကျကျ ကာကွယ်နိုင်မည့် ၀တ်ဆင်နည်းကို
ချမှတ်ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီတရားနှစ်ပါး လုံခြုံမှလည်း လူပုံအလယ်မှာ
လူရာဝင်ဝင် ရပ်တည်နိုင်မှာဖြစ်လို့ပါ။
ဒီတရားနှစ်ပါးကို ဒေ၀ဓမ္မ ဇာတ်မှာတော့ ဒေ၀ဓမ်
(နတ်တို့ရဲ့ အကျင့်)တရားလို့လည်း ခေါ်ပါသေးတယ်။
ဟုတ်ပါတယ်။ နတ်တွေဟာ နတ်ပြည်မှာ “ဘွား”ကနဲ
ဖြစ်ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် အရှက်အကြောက်ကို
အလုံ အခြုံ ဖုံးလွှမ်းဝတ်ဆင်ပြီးသား ဖြစ်နေကြပါပြီ။
ဒါကြောင့် ရှေးခေတ် အဆက်ဆက် ဘိုးဘွားမိဘတို့ရဲ့
မြင်းမိုရ်ဦးဆီကို မျှော်ကြည့်လိုက်ရင် သားသမီးတိုင်းက
သိသာ မြင်သာလောက်အောင် လူ့ဘ၀ကို အခြေခံကစပြီး
လူရာဝင် ရပ်တည်နိုင် သည်အထိ ဘက်စုံထောင့်စုံ
တည်ဆောက်ခဲ့ကြတာကို တွေ့မြင်ရမှာပါ။
ဒီနေ့အထိလည်း မိကောင်း၊ဖခင်တိုင်းဟာ မိမိတို့ရဲ့
“မြင်းမိုရ်ဦး” ကို ရှေးအစဉ်အလာကောင်းများနဲ့ အညီ
ကိုယ်တိုင်စံပြ အဖြစ်နဲ့ တည်ဆောက်တက်လှမ်းပြဖို့
အလွန်လိုအပ်တယ်လို့ ထင်မိပါတယ်။
သားသမီးတွေ လူပုံအလယ်မှာ ရပ်တည်ဝံ့တဲ့ အထိပေါ့။
ရပ်နိုင်ကြပါစေ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)】
Posted by►
www.facebook.com/youngbuddhistassociation.mm
ဘုရားဆီမှာ ကတိသစ္စာပြုပြီး အရက်ဖြတ်တယ်
“ဘုရားဆီမှာ ကတိသစ္စာပြုပြီး အရက်ဖြတ်တယ်” လို့ အဲဒီလိုပြောရင်ကောင်းတာပေါ့။ ဘုရားက...
Young Buddhist's Association / 13 hours ago
“ဘုရားဆီမှာ ကတိသစ္စာပြုပြီး
အရက်ဖြတ်တယ်” လို့
အဲဒီလိုပြောရင်ကောင်းတာပေါ့။
ဘုရားကို လှူထားတယ် ဆိုတော့
ဘုရားကပဲ အရက် သောက်သလို ဖြစ်နေတယ်။
ဒီအသုံးကတော့ မနိပ်သေးပါဘူးနော်။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
Posted by►
www.facebook.com/youngbuddhistassociation.mm
လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက် -
လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက် ----------------------------------------------...
ကျန်းမာရေးအတွက်ဆေးတစ်ခွက်'s Facebook Wall / ကျန်းမာရေးအတွက်ဆေးတစ်ခွက် / 1 days ago
လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက် -------------------------------------------------------------- လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်းကောင်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်တယ်။ ဆေးနည်း- (၁) ရှောက်သီးတစ်ခြမ်းကို ထမင်းစားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။ (၂) ချင်း(ဂျင်းတက်)ကို ထုထောင်း၍ လက်ဖက်စားဇွန်း တစ်ဇွန်းခန့်ရအောင် အရည်ညစ်ယူပါ။ (၃) သဘာဝပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပါ။ (၄) ၄င်း ၃ မျိုးကို ဖန်ခွက်တစ်ခွက်ထဲတွင် အတူရောမွှေ၍ ရေနွေးချမ်းနှင့်သော်၎င်း၊ ရေအေးနှင့်သော်၎င်း မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ်သောက်ပါ။ ပျားရည်ကို သဘာဝပျားရည်၊ ရှောက်သီးကို ရှောက်ခါးသီး(တောရှောက်သီး) ဆိုလျှင် ပိုကောင်းပါသည်။ ၄င်းသဘာဝဆေးကို ပုံမှန်သောက်သုံးပေးပါက အဆစ်အမြစ်နာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ အညောင်းအညာဖြစ်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါသည်။ လူတိုင်းအနာရောဂါကင်းဝေး၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
နေဆိုင် (ပူတာအို)
ကျန်းမာရေးဗဟုသုတများရယူဖို့ ဒီနေရာတွင်နှိပ်ပါ ကျန်းမာရေးအတွက်ဆေးတစ်ခွက်
Visit website
မျိုးထွန်း(နည်းပညာ) ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်
Monday, April 20, 2015
ရေ
အံ့ဖွယ် ရေကုထုံး ရေ(၆) ဖန်ခွက် (၁.၅) လီတာကို နေ့ စဉ်သောက်သုံးခြင်းဖြင့် ဆရာဝန...
ကျန်းမာရေးအတွက်ဆေးတစ်ခွက်'s Facebook Wall / ကျန်းမာရေးအတွက်ဆေးတစ်ခွက် / 20 hours ago
အံ့ဖွယ် ရေကုထုံး
ရေ(၆) ဖန်ခွက် (၁.၅) လီတာကို နေ့ စဉ်သောက်သုံးခြင်းဖြင့် ဆရာဝန်ခ၊စမ်းသပ်ခ၊ဆေးဘိုး၊ဆေးသောက်ခများ
သက်သာစေပါသည်။ ရေသောက်ခြင်းကို လက်တွေ့ လေ့ကျင့်မှု့ မလုပ်မှီ သင်ယုံကြည်လိမ့်မည်မဟုတ်။
ရေသောက်ခြင်း ရောဂါကုထုံးဖြင့် အောက်ပါရောဂါများကို ပျောက်ကင်းစေကြောင်း လေ့လာတွေ့ ရှိရပါသည်။
သွေးတိုး၊သွေးအားနည်းခြင်၊အဆစ်ဆမြစ်ကြွက်သားနာကျင်မှု့ အ၀လွန်ခြင်း၊အဆစ်ရောင်ခြင်း
၊လေးလံထုံထိုင်ခြင်း၊သွက်ချာပါဒဖြစ်ခြင်း နှာပိတ်ခြင်း၊မှုးဝေခြင်း၊နှလုံးရောဂါ၊သွေးကြောကျဉ်းခြင်း ချောင်းဆိုးခြင်း၊ သွေးကင်ဆာ၊
ကျောက်ကပ်၊ကျောက်တည်ခြင်းပန်းနာ၊တီဘီ၊ဦးနှောက်အမှေးရောင်ရောဂါ ချောင်းဆိုရင်ကြပ်နာ၊လိင်အင်္ဂါဆိုင်ရာ
ရောဂါများ၊အစာအိမ်မှ အစာမချေပေးနိုင်ခြင်း ၀မ်းကိုက်ရောဂါ၊အစာအိမ်အှုရောင်ရောဂါ၊အလွန်အကဲ အစာအိမ်အချဉ်ပေါက်ခြင်းသားအိမ်ကင်ဆာ၊၀မ်းချုပ်ခြင်း၊ဆိးချိုရောဂါ မီးယပ်သွေးမမှန်ခြင်း၊ရင်သားကင်ဆာ၊လည်ချောင်းကင်ဆာ
ရောဂါ ခေါင်းကိုက်ခြင်း၊သွေးကင်ဆာ မျက်စိနှင့်ပတ်သတ်သော ရောဂါများ(မျက်စိနီခြင်း၊မျက်စိသွေးယိုခြင်း၊
သွေးလွန်ခြင်း စသည်ဖြင့်…)
ရေဖြင့်ရောဂါကုထုံးကျင့်နည်း
နံနက်အိပ်ရာထ သွားမတိုက်ခင် ရေ(၁.၅)လီတာ သို့ မဟုပ် ရေ (၆) ခွက်ကို နေ့ စဉ်သောက်သုံးပါ။သောက်ပြီးမှ
မျက်နှာသစ် သွားတိုက်ပါ၊ယင်းးကျင့်ထုံးနည်းကို ရှေးအိန္ဒိယကုထုံး Usha Paana Chikitsa အဖြစ်လူသိများကြသည်။
သတိပြုရန်အချက်မှာ ရေ(၁.၅)လီတာ မသောက်ခင်နှင့် သောက်ပြီးတစ်နာရီးအတွင်း မည်သည့်စားစရာ သောက်စရာ
ကိုမျှ မစားမသောက်ရပါ။အထူးသတိပြုရမည့် အချက်များမှာ ပြီးခဲ့သောညတွင် အရက်သေစာ သောက်စားခြင်း
မပြုလုပ်ရန် ဖြစ်သည်။ ရေကုထုံးကျင့်စဉ်ကို နံနက်တိုင်းကျင့်ရမည်။ညဖက်မဖြစ်စေရပါ။ ရေကုထုံးပြုလုပ်ရန်အတွက်
ကျိုချက်ပြီးသောရေ၊ သန့် စင်ထားသောရေကို အသုံးပြုရန်လိုအပ်ပါသည်။
ရေ(၁.၅)လီတာ သို့ မဟုပ် ရေ (၆) ခွက်ကို တခါတည်းသောက်သုံးရန်
ခက်ခဲသော်၊ ပထမဦးစွာ ရေ( ၄ ) ခွက် ကိုဦးစွာသောက်သုံးပြီး ( ၂ ) မိနစ်ခြား၍ ရေ( ၂ ) ဖန်ခွက်ကို
ညီညာစွာသောက်သုံးခြင်းဖြင့်လေ့ကျင့်ပါ။
ကြာသော် ရေ ( ၆ ) ဖနိခွက်ကို တစ်ခါတည်းသောက်သုံးလာနိုင်ကြောင်း တွေ့ ရှိရပါမည်။
တစ်နာရီအတွင်း နှစ်ကြိမ် သုံးကြိမ် ဆီးသွားပါလိမ့်မည်။ထို့ နောက်ပုံမှန်ဖြစ်လာမည်။
လေ့လာတွေ့ ရှိမှု့ 
၎င်းကုထုံးသည် အောက်ဖေါ်ပြပါရောဂါများကို ညွှန်ပြပါရက်အတွင်း ပျောက်ကင်းအောင်ကုသနိုင်ကြောင်း တွေ့ရှိရသည်။
၁။ ၀မ်းချုပ်ခြင်း ( ၁ ) ရက်
၂။ ဆီးချို ( ၇ ) ရက်
၃။ အစာအိမ်အချဉ်ပေါက်ခြင်း ( ၂ ) ရက်
၎။ ကင်ဆာ ( ၄ ) ပတ်
၅။ တီဘီ ( ၃ ) လ
၆။ သွေးတိုး ( ၄ )ပတ်
အဆစ်အမြစ်ရောင်ခြင်း၊ဒှုလာ (လေးဖက်နာ) ဖြစ်ခြင်းကြောင့် ခံစားရသောလူများအတွက် အကြံပြုချက်မှာ
တစ်ပတ်ခန့်  တစ်နေ့ ( ၃ ) ကြိမ် အစားမစားမှီ ဒီကုထုံးကိုကျင့်သင့်သည်။ဥပမာ၊ ၊ မနတ်၊နေ့ လည်၊ည ဆက်လက်၍
ရောဂါပျောက်သည့်တိုင်အောင်ကျင့်သင့်သည်။
လူ့ ခန္ဓာကို သန့် စင်စေသော မှန်ကန်သောနည်းလမ်းမှာ ရေသောက်သုံးခြင်းပင်ဖြစ်သည်။ရေသောက်ခြင်းသည်
သွေးသစ်များကို ဖြစ်ပေါ်ပေးစေသည်။
သွေးပညာဟု ဆေးပညာတွင်သိကြသည်။အူမကြီးနှင့် အှုလမ်းကြောင်းရှိ အကျိအချွဲများကို သွေးသစ်များကို ထုပ်ပေး
သည်။ အူမကြီးသန့် ရှင်းနေလျှင် အချိန်အတော်ကြာ စားသုံးထားသောအစာ၏ သြစာဓါတ် အဟာရဓါတ်များကို
စုပ်ယူနိုင်ပြီး သန့် ရှင်းသောသွေးသစ်များကို ဖြစ်ပေါ်စေသည်။
သွေးသည်နာမကျန်းရောဂါကုသခြင်း အားလုံးအတွက် အရေးပါသည်။ထို့ ကြောင့်ကျန်းမာရေးကိုထိမ်းသိမ်းရန် ရေကို
နေ့ စဉ်ပုံမှန်သောက်သုံးသင့်သည်။
လူ့ ဘ၀သည် အရမ်းကိုတိုတောင်းပါသည် ထို့ ကြောင့် ယခုသင့်သိလိုက်သော ရေ၏အံ့သြစရာ စွမ်းဆောင်ချက်များကို
သင့်သူငယ်ချင်း၊ဆွေမျိုး၊အိမ်နီးနားချင်း၊မိတ်ဆွေသင်္ဂဟများကို မွန်မြတ်သောစိတ်ထားဖြင့်ဖြန့် ဝေပေးပါ။တိုတောင်း
လှသော လူ့ ဘ၀အတွင်း မွန်မြတ်သော ၀န်ဆောင်မှု့ များကိုသင်တက်သမျှ ဆောင်ရွက်နိုင်ပါစေ။
တရားစခန်းက ဦလေးကြီးတစ်ယောက်ပေးတဲ့ လက်ကမ်းစာစောင်လေးပါ။
သူငယ်ချင်းတို့ အတွက် ဖတ်ထားပြီးသားသိပြီးသားဆိုရင်တောင်မှ ပြန်ဖတ်ကြည့်ပြီး အကျိုးများနိုင်ပါစေ
ကျန်းမာရေးဗဟုသုတများရယူဖို့ ဒီနေရာတွင်နှိပ်ပါ ကျန်းမာရေးအတွက်ဆေးတစ်ခွက်
Visit website
မျိုးထွန်း(နည်းပညာ) ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်
Sunday, April 19, 2015
** ကျောက်ကပ်ပျက်စီးစေနိုင်သော အကြောင်း ***
** ကျောက်ကပ်ပျက်စီးစေနိုင်သော အကြောင်း *** ================================ (၁)...
Online ဆေးခန်း's Facebook Wall / Online ဆေးခန်း / 2 days ago
** ကျောက်ကပ်ပျက်စီးစေနိုင်သော အကြောင်း ***
================================
(၁) အကိုက်အခဲပျောက်ဆေးတွေထဲမှာပါရှိတဲ့ ibuprofen၊ motrin၊ aleve၊ acetaminophen စတဲ့ဓာတ်များက ကျောက်ကပ် ထဲမှာရှိတဲ့ သွေးကြောတွေကို ကျုံ့ ဝင်စေကာ ကျောက်ကပ်ကိုပျ က်စီးစေနိုင် ပါတယ်။ ဆီးရွှင်ဆေးများကလည်း ကျောက်ကပ်ကို ပင်ပင်ပန်းပန်းအားစိုက်၍ အလုပ်ခိုင်းစေကာ ရေဓာတ်ဆုံးရှုံးစေတာကြောင့် ကျောက်ကပ်ပျက်စီးလွယ်ပါတယ်။ ကိုလက်စ ထရော ကျဆေးအချို့ နှင့် ရိုးတွင်းခြင်ဆီကင်ဆာပျောက်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုး များက လည်း ကျောက်ကပ်ကျန်းမာရေးကို အဟန့် အတားဖြစ်စေပါတယ်။ ဥပမာ ပနစလင်တို့ လို မိမိနှင့်ဓာတ်မတည့်တဲ့ ထိုးဆေးမျိုးကို မှားယွင်းစွာသုံးစွဲမိတဲ့အခါ၊ ကျောက်ကပ်ကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ပါတယ်။
(၂) ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကမောက်ကမဖြစ်စေပါ တယ်။ အကယ်၍ ဆီးချို နှင့် သွေးတိုးရောဂါရှိသူများ ဆေးလိပ်သောက်ခြင်း က၊ ကျောက်ကပ် ကျန်းမာရေးကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။
(၃) သကြား နှင့် အချိုလွန်ကဲသောအစားအစာများက ကျောက်ကပ်ပျက်စီးခြင်းနှင့် တိုက်ရိုက်ပ တ်သ တ်မှုမရှိသော်လည်း၊ အချို ဓာတ် များများစားခြင်းက ဆီးချို၊ သွေးချို နှင့် အ၀လွန်ခြင်းရောဂါ ကို ဖြစ်စေပါတယ်။ ထိုရောဂါများက ကျောက်ကပ်ပျက်စီးစေ တာကြောင့် အချိုဓာတ်လွန်ကဲသော အစာများကိုရှောင်ပါ။
(၄) ရောဂါရှာဖွေရေးကိရိယာများဖြစ်ကြတဲ့ CT scans နှင့် ဓာတ်မှန်ရိုက်ခြင်းဖြင့် ၄င်းတို့ မှထွက် လာ တဲ့ ရောင်ခြည်များက ကျောက်ကပ်အလုပ်လုပ်ခြင်းကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။
(၅) ခန္ဓာကိုယ်ကျန်းမာ ကြံ့ ခိုင်ဖို့ အတွက် ဆား(အငန်ဓာတ်)က မရှိမဖြစ်လိုအပ်နေပါတယ်။ သို့ေ သာ် လိုအပ်တာထက်ပို၍ အ ငန်တွေစားသုံးမိပါက၊ nephron(ခေါ်)ကျောက်ကပ်အတွင်း မှ သွေး စစ်ေ ပးတဲ့ ဇကာပျက်စီးလာပါတယ်။ ကျောက်ကပ် ပျက် စီးသွားတဲ့အခါ နှလုံးသွေး စီြးေ ကာင်းအတွက် လိုအပ်သော အရည်ဓာတ်ကို ကျောက်ကပ်ကထိန်းမထားနိုင်တော့ တာကြော င့် နောက် ဆက်တွဲအဖြစ် နှလုံးရောဂါဖြစ်စေပါတယ်။
(၆) သွေးတိုးခြင်းက ကျောက်ကပ်ထဲမှာ ပရိုတင်းဓာတ်လျော့နည်းစေပြီး ကျောက်ကပ်ကို ဖိစီး မှုဖြစ်စေပါတယ်။ ဒါကြောင့် သွေး တိုးရောဂါမဖြစ်အောင် ကိုယ်အလေးချိန်ထိန်းခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၊ အငန်လျော့စားခြင်းတို့ ဖြင့် ကျောက်ကပ်ကို ကာကွယ်ပေး သင့်ပါတယ်။
(၇) purine ဓာတ်ကြွယ်ဝတဲ့ အသားများ၊ ပင်လယ်စာများ နှင့် ပင်လယ်ငါးတို့ ကို လွန်ကဲစွာ စားသုံးခြင်းက ဆီးထဲမှ ကယ်လ်စီ ယမ်ယိုစိမ့်မှုကို တိုးပွားစေပြီး ကျောက်ကပ် ပျက်စီးစေနိုင် ပါတယ်။ ထို့ နည်းတူစွာပင် တိရိစ္ဆာန်မှရရှိသော အဆီမထုတ်ထားတဲ့ နို့  နှင့် နို့ ထွက် ပစ္စည်း များကို လွန်ကဲစွာ စားသောက်တဲ့အခါမှာလည်း ကျောက်ကပ်ထဲကို ကယ်လ်စီယမ်ဓာတ်များ အနည်ကျကာ ဆီးကျောက်တည်ခြင်းကို ဖြစ်စေပါတယ်။
(၈) ဥပမာ အစားအစာတွေကို တာရှည်ခံအောင် ပြုပြင်ထားတဲ့ သား-ငါး-ဟင်းသီးဟင်းရွက်-သစ်သီးဝလံ စည်သွတ်ဗူးများ၊ ကြက်-၀က်အူချောင်းများ၊ ထုံချိုင်းအသားလုံးများ၊ အသင့် စား ခေါက် ဆွဲ-ကြာဇံခြောက်အထုပ်များ စသည်တို့ က အသည်း နှင့် ကျောက်ကပ်တို့ ကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ရံဖန်ရံခါသာ စားသုံးသင့်ပါတယ်။
(၉) သဘာဝ သစ်သီးဖျော်ရည်မဟုတ်တဲ့ အချိုရည်အမျိုးမျိုး နှင့် ဆိုဒါတို့ မှာ တာရှည်ခံအောင်၊ အနံ့ ကောင်းအောင် နှင့် အရ သာရှိအောင် ဓာတုပစ္စည်းများသုံး၍ ပြုပြင်ထားပါတယ်။ ထိုအချို ရည် ကို နေ့ စဉ် သောက်သုံးခြင်းက အာဟာရ(လုံးဝ) မဖြစ်စေ တဲ့အပြင် ကျောက်ကပ်ကိုပါ ထိခိုက်စေပါတယ်။ ထို့ နည်းတူ ကာဗွန်ဒိုင်အောက်ဆိုဒ်ဂက်စ်ထဲ့ထားတဲ့ အဖျော်ယမကာများ ကလည်း ကျောက်ကပ်ထဲရှိ သွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စတဲ့ ဆိုးကျိုးေ တွ ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ကဖိန်းဓာတ်များတဲ့ ကော်ဖီ နှင့် လ္ဘက်ရည်များကို အလွန်အကျွံေ သာက်ခြင်းက ခန္ဓာကိုယ်အနှံ့  သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ ဆော်ပေးတြာေ ကာင့်၊ သွေး တိုးလာပြီး ကျောက်ကပ်ကို တွန်းအားဖြစ်စေပါတယ်။
(၁၀) Oxalates ဓာတ်ကြွယ်ဝတဲ့ ဗိုစားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနုနယ်ရွက် တို့ က ဆီးကျောက် တည်စေနိုင်တာကြောင့် သင့် တင့်ရုံသာစားပေးပါ။
(၁၁) ဗီတာမင်ဒီ ဆိုတာကလည်း steroid ဟော်မုန်းအမျိုးအစာတစ်ခုဖြစ်၍ ကျောက် ကပ်အပါ အ၀င် ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကောင်းကျိုးဖြစ်စေပါတယ်။ လိုအပ်တဲ့ ဗီတာမင်ဒီကို နံက်ေ စာစော နေနုအေးမှ နေပူစာလှုံခြင်းဖြင့် ရရှိနိုင်ပါတယ်။
(၁၂) ရေသောက်နည်းခြင်း၊ အပူကြီးဖျားနာ၊ ပျို့ အန်၊ ၀မ်းသွား၊ ချွေးထွက်လွန် စသည်တို့ြေ ကာင့် ရေဓာတ်ခမ်းခြောက်၍ ကျောက်ကပ်အလုပ်လုပ်မှု အားနည်းသွားစေပါတယ်။
(၁၃) ဆီးအိမ်ကျွံခြင်း၊ သားအိမ်လျောခြင်း၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်တွင်းအဖုအကျိတ်စ တဲ့ ဝေဒနာများကလည်း ကျောက်ကပ် နှင့် ဆီးလမ်းကြောင်းများကို အဟန့် အ တားဖြစ် ကာ ကျောက် ကပ်ပျက်စီးသွားနိုင်ပါတယ်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
Visit website
ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်မြို့ မျိုးထွန်း adms Thank .Wecome to ရှုတိုင်းယဉ်
ခေါင်းကိုက်တတ်သူများ အတွက် အိမ်တွင်းဖြစ်ဆေး နည
ခေါင်းကိုက်တတ်သူများ အတွက် အိမ်တွင်းဖြစ်ဆေး နည်း ===============================...
Online ဆေးခန်း's Facebook Wall / Online ဆေးခန်း / 2 days ago
ခေါင်းကိုက်တတ်သူများ အတွက် အိမ်တွင်းဖြစ်ဆေး နည်း
===================================
ခေါင်းခဏခဏကိုက် ၍အကိုက်အခဲပျောက်ဆေး မသောက်ချင်သူ များ အောက်ပါနည်းလေးစမ်းကြည့်နိုင်ပါသည်။
ဂျင်း တစ် စိတ် ကိုပြုတ် ပါ။ လက်ဖက်ရည် ခွက်တစ်လုံးစာ ပြုတ်၍ သံပရာ သီး တစ်ခြမ်း ညှစ်ထည့်လိုက်ပါ။ ပြီးလျှင်သမအောင်မွှေ ပါ။
လက်ဖက်စားဇွန်း တစ်ဇွန်းစာ သောက်ပါ။ တစ်နာရီခြားတခါ သောက်ပေးနိုင်ပါတယ်။ ခေါင်းကိုက်သက်သာလျှင်ရပ်လိုက်ပါ။
ထိုနည်းလေးက သဘာဝနည်းလေးဖြစ်တာကြောင့် စမ်းကြည့်နိုင်ပါတယ်။ ခေါင်းမူး သူများလဲ သုံးနိုင်ပါတယ်။
Credit to : Dr.Marie
သိလိုရာမေးonlineဆေးခန်း မှကောက်နုတ်တင်ပြပေးပါသည်။
ကျန်းမာရေး သတင်းအကြောင်းအရာများ နေ့စဉ်ဖတ်ရန်
Online ဆေးခန်း >>> http://goo.gl/Q9UpvQ
Visit website
ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်မြို့ မျိုးထွန်း adms Thank .Wecome to ရှုတိုင်းယဉ်
သင်္ကြန်မှာဖုန်းရေစိုသွားရင်
သင်္ကြန်မှာဖုန်းရေစိုသွားရင်... သင်္ကြန်မှာ ဖုန်းတွေရေစိုပြီးပျက်တာ မနည်းပါဘူး။ အဲ့ဒ...
Mobile Guide Journal's Facebook Wall / Mobile Guide Journal / 4 days ago
သင်္ကြန်မှာဖုန်းရေစိုသွားရင်...
သင်္ကြန်မှာ ဖုန်းတွေရေစိုပြီးပျက်တာ မနည်းပါဘူး။ အဲ့ဒါကြောင့် ဖုန်းရေမစိုအောင် ဘယ်လိုကာကွယ်မလဲ။ စိုခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
၁) ရေစိုခံကာဗာတပ်ပါ။ သင်္ကြန်တွင်းမှာ ရေစိုခံအိတ်တွေခေတ်စားပါတယ်။ ဒါပေမဲ့သူတို့ဟာ ၁၀၀% စိတ်မချရပါဘူး။ ရေစိုခံကာဗာဝယ်တပ်လိုက်ပါ။ ရေစိုခံတာအပြင်ပြုတ်ကြတာကိုပါ ကာကွယ်ပေးပါလိမ့်မယ်။
၂) မကြာခဏဖုန်းကိုကြည့်ရှုပါ။ တစ်နေကုန်ဖုန်းကို အိတ်ထဲမထည့်ထားပါနဲ့။ ထုတ်ကြည့်ပါ။ ပူနေတတ်ပါတယ်။ ရေစိုနေတတ်ပါတယ်။ ပူနေရင် အပြင်မှာခဏထုတ်ထားပါ ဒါမှမဟုတ် ခဏပါဝါပိတ်ပြီးအိတ်ထဲပြန်ထည့်ထားပါ။
၃) ဖုန်းရေစိုတာကိုသိသိချင်း power ပိတ်လိုက်ပါ။ power ပိတ်ဖို့ touch ကြောင်နေရင် hardware button များကိုအသုံးပြုပြီးသက်ဆိုင်ရာ ဖုန်းအလိုက် ပါဝါပိတ်ပါ (ဥပမာအိုင်ဖုန်းမှာဆို power + home button)။ ဘက်ထရီထုတ်လို့ရရင် ထုတ်ထားလိုက်ပါ။
၎) ခြောက်သွေ့တဲ့နေရာမှာထားပါ။ အဝတ်တစ်ခုခုပေါ်တင်ထားပါ။ ၃ နာရီလောက်ထားပြီး ပါဝါပြန်ဖွင့်ကြည့်ပါ။ ပါဝါပွင့်လာရင် အဆင်ပြေပါတယ်။ စိတ်ချရအောင် အဝတ်ပေါ်မှာဖြစ်ဖြစ် ခြောက်သွေ့တဲ့နေရာမှာဖြစ်ဖြစ် တစ်ညလောက်ထပ်ထားထားပါ။
၅) ပါဝါလုံးဝဖွင့်မရဘူး ရေတွေဝင်နေတယ်ဆိုရင် အခြေအနေမကောင်းလှပါဘူး။ ကျွမ်းကျင်တဲ့ဖုန်း service ဆိုင်မှာပြလိုက်ပါ။ မန္ဒလေးမှာဆိုသင်္ကြန်ပြီးရင် ကျွန်တော်တို့ MMAS မှာလာရောက်ပြနိုင်ပါတယ်။
အောက်ကအချက်တွေက မလုပ်ဆောင်သင့်တဲ့အချက်တွေပါ
၁) ရေစိုဖုန်းကို လုံးဝ dryer နှင့်မမှုတ်ရပါ။
၂) ရေစိုဖုန်းကို ရေမခြောက်ပဲ power မဖွင့်မိပါစေနှင့်
Credit .......... Myat Min Soe (MMAS)
Visit website
ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်မြို့ မျိုးထွန်း adms Thank .Wecome to ရှုတိုင်းယဉ်
ငါးထောင်တန်အသစ်သုံးစွဲသူများကြား ပြဿနာရှိနေ
ငါးထောင်တန်အသစ်သုံးစွဲသူများကြား ပြဿနာရှိနေ
…………………………………………………………………………….
လုံခြုံရေးဆိုင်ရာတိုးမြှင့်ပြီး ထုတ်လုပ်ထားသည့် ငွေ စက္ကူကျပ် ငါးထောင်တန်အသစ် သုံးစွဲရာတွင် ပြဿနာများရှိနေ၍ လူအများပိုမိုသိရှိရန် ဗဟိုဘဏ်က ထပ်မံကြေညာပေးသင့်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာပညာရှင်များက ပြောကြားသည်။
အဆိုပါ ငါးထောင်ကျပ်တန်ကို ငွေစက္ကူအတုဟုထင်၍ ကုန်ပစ္စည်းများဝယ်ယူရာတွင် လည်းကောင်း၊ စားသောက်ဆိုင်များတွင် ငွေရှင်းရာ၌ လည်းကောင်း လက်မခံသဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ပြောသည်။
‘‘၀ယ်သူက ငါးထောင်တန် အသစ်ပေးတာကို ရောင်းတဲ့ သူက အတုထင်လို့ အုပ်ချုပ်ရေးမှူးရုံးတွေ ဘာတွေထိရောက်တယ်’’ဟု စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။
‘‘စားသောက်ဆိုင်တချို့ မှာလည်း ဒီငွေကို လက်မခံဘူး။ သူတို့က အတုတော့ မပြောဘူး။ ပြန်လဲခိုင်းတယ်’’ဟု လူသုံးကုန်ပစ္စည်းများပြည်ပမှ တင်သွင်း ရောင်းချနေသူတစ်ဦးကလည်း ၎င်း၏ အတွေ့အကြုံကို ပြောပြ သည်။
‘‘ငွေစက္ကူအတုသတင်းတွေ က မကြာခဏကြားနေတော့ ပုံစံ အသစ်နဲ့ ဒီငါးထောင်တန်ကို လူထုက မယုံတာပါ။ ဘဏ်တွေမှာတော့ ပြဿနာမရှိဘူး’’ဟု မြန်မာ့ ရှေ့ဆောင်ဘဏ် ဒုမန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မား၍ အရည်အသွေးပိုမိုကောင်းမွန် ပြီး ကြာရှည်အသုံးခံနိုင်မည့် ငါး ထောင်ကျပ်တန်အသစ်ကို ၂၀၁၄အောက်တိုဘာ ၁ ရက်မှစတင်၍ ထုတ်ဝေခဲ့သည်။ သို့သော် ယင်းငွေစက္ကူအသစ်သည် ဗဟို ဘဏ်မှ ထုတ်ဝေပြီးနောက် ငါးလကျော်ကြာမှ ပြည်သူများဆီသို့ ရောက်လာသည်။ ထုတ်ဝေပြီးနောက် ကာလတစ်ခုဖြတ်သန်းခဲ့ရချိန်တွင် ငွေစက္ကူအတုများ မြန်မာနိုင်ငံနေရာအနှံ့တွင် ဖမ်းဆီးရ မိသော သတင်းများကြောင့် လူအများက စိုးရိမ်ပိုခဲ့သည်။ ယင်း ကဲ့သို့ စိုးရိမ်မှုသည် အရောင်းအ ၀ယ်ပြုလုပ်ရာတွင် ယုံကြည်မှု ပျက်ပြားပြီး ပြဿနာများဖြစ်ရသည့် အခြေအနေမျိုး ကြုံတွေ့ နေရခြင်း ဖြစ်သည်။
အသစ်ထုတ်လုပ်လိုက် သည့် ငွေစက္ကူငါးထောင်ကျပ် တန်အသစ်သည် ယခင်ဗဟိုဘဏ်က ထုတ်လုပ်ထားသော ငွေစက္ကူ နှင့် အရောင်အသွေး၊ အရွယ်အ စားဆင်တူသော်လည်း ကွဲပြားခြားနားချက်အချို့ရှိသည်။ ငွေစက္ကူ အသစ်တွင် ငွေကြိုးသည် ရွှေဝါရောင်ဖြစ်ပြီး အပြားကြီးသည်။ ငွေစက္ကူအဟောင်းမှာ ငွေကြိုးသည် အဖြူရောင်ဖြစ်ပြီး အပြားသေးငယ်သည်။
ထို့အပြင် ငါးထောင်ကျပ် တန် ငွေစက္ကူအသစ်၏ လက်ယာဘက်ရေစာတွင် ဆင်ဖြူတော် သည် ငါးထောင်ဟုရေးထားသော ဂဏန်းလေးလုံးတွင် သုညဘက် ကို ခေါင်းလှည့်ထားသည်။ ငွေ စက္ကူအဟောင်းမှာ ငါးဘက်သို့ ခေါင်းလှည့်ထားသည်။ ငွေစက္ကူ အသစ်တွင် ရေစာ၌ ရေးဆွဲထား သော ဆင်ဖြူတော်အမြီးပိုင်းပေါ် တွင် လုံးဝန်းသော စည်းတံဆိပ် ကဲ့သို့ ပါဝင်ပြီး ယင်းသည် ဆင်ဖြူ တော်၏ နောက်တွင်ရှိနေသည်။ ငွေစက္ကူဟောင်းမှာ ယင်းအမှတ် သားမပါဘဲ ဆင်ဖြူတော်သာပါ ၀င်သည်။ ယင်းကွဲပြားခြားနားမှုမှ အပ ပုံသဏ္ဌာန်နှင့် အရောင်ဆင်း သတ်မှတ်ချက်သည် မူလငါးထောင်ကျပ်တန် ငွေစက္ကူအတိုင်း ပင် ဖြစ်သည်။
‘‘ငွေစက္ကူတွေ အသစ်ထုတ်တာက အတုတွေလိုက်မတုနိုင်အောင် ထုတ်တာ။ အမေရိကန် ဒေါ်လာကိုလည်း မကြာခင်ကမှ အသစ်ထုတ်ထားတယ်။ ဒါပေမဲ့ အသစ်ထုတ်ပြီး တိုင်းပြည်ကို ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့ လိုတယ်’’ဟု ကမ္ဘောဇဘဏ်အကြီး အကြံပေးပုဂ္ဂိုလ် ဦးသန်းလွင်က ပြောကြားသည်။
လက်ရှိအသစ်ထုတ်လုပ်ထားသော ငါးထောင်ကျပ်တန် ငွေစက္ကူအသစ်သည် စက္ကူအရည်အသွေးကောင်းပြီး လုံခြုံရေးစည်း ဖြစ်သော ငွေကြိုးမှာလည်း အရောင်ပြောင်းသောစနစ်ဖြင့် ထုတ်လုပ်ထားသည့်အတွက် ငွေစက္ကူ အတုလိုက်ထုတ်ရန် ခက်ခဲကြောင်း ဦးသန်းလွင်က ရှင်းပြသည်။
ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်မြို့ မျိုးထွန်း adms Thank .Wecome to ရှုတိုင်းယဉ်
အစာမကျေရင်ပူခြင်း နှင့် အိမ်တွင်းကုထုံး
** အစာမကျေရင်ပူခြင်း နှင့် အိမ်တွင်းကုထုံး *** =============================== အ...
Online ဆေးခန်း's Facebook Wall / Online ဆေးခန်း / 1 days ago
** အစာမကျေရင်ပူခြင်း နှင့် အိမ်တွင်းကုထုံး ***
===============================
အစာအိမ်မှအက်ဆစ်အထွက်များပြီး၊ ပိုလျှံသောအက်ဆစ်များက လည်ချောင်းသို့ 
ဆန်တက်လာခြင်းကြောင့် အစာမ ကျေ ရင်ပူလာရသည်။ အစာအိမ်နှင့် အူတို့ တွင်
ပြင်းထန်စွာနာကျင်စေတတ်ပြီး၊ အီလည်လည်ဖြင့် အလွန်ခံစားရခက် သော
ဝေဒနာဖြစ်သည်။
ဘာကြောင့်ဖြစ်….
(၁) အစပ်လွန်ကဲစွာစားခြင်း။
(၂) အစာကိုကျေညက်အောင်ဝါးမစားဘဲ အမြန်မြိုချခြင်း။
(၃) ၀မ်းနည်းငိုကြွေးစဉ် အစာမျိုချခြင်း။
(၄) အအိပ်အနေမမှန်ခြင်း။
(၅) အရက်သေစာသောက်းစားခြင်း။
(၆) ကိုယ်ဝန်သည်များတွင် သန္ဓေသားလောင်းကြီးထွားလာခြင်းကြောင့်
အစာခြေအင်္ဂါအပိုင်းသို့ သားအိမ်မှ အားညှစ်ထုတ် ရခြင်း။
(၇) အ၀လွန်သူများတွင် အစာချေအင်္ဂါပေါ်သို့  ဖိအားသက်ရောက်ခြင်းကြောင့်လည်း
အစာမကျေရင်ပူစေသည်။
သဘာဝကုထုံး….
(၁) ဌက်ပျောသီးက အက်ဆစ်အထက်ဆန်ခြင်းကို ကာကွယ်ပေးသဖြင့် တစ်နေ
့တလုံးမှန်မှန်စားပေးပါ။ ပြင်းထန် စွာ ခံစားရပါက ဌက်ပျောသီး (သို့ မဟုတ်)
ဖရဲသီး (သို့ မဟုတ်) သခွားသီးတို့ ကို တစ်နာရီကြား တစ်ခါစား ပါ။
(၂) ရေ ၁ ဖန်ခွက်ထဲတွင် ပန်းသီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း နှင့်
ပျားရည် ၂-ဇွန်းရော၍ ထမင်းမစားခင် သောက်ပါ။ အစာမကျေရင်ပူခြင်းအတွက်
အလွန်ထိရောက်မှုရှိသည်။
(၃) ဆီအကြွတ်ကြော်များ၊ လ္ဘက်ရွက်၊ စပ်သောအစားအစာများ၊ ရှာလကာရည်၊
ချောကလက်တို့  မစားပါနှင့်။
(၄) ကြက်သွန်နီ၊ ဂေါ်ဖီထုပ်တို ဖြင့် သုပ်ထားသောဟင်းရွက်သုပ်များ နှင့်
ပန်းငရုပ်သီးပွတို့  ကို ဝေးဝေးကရှောင်ပါ။
(၅) ပန်းသီးနုနုတို့ ထဲတွင် အမြောက်အများပါရှိသော pectin ဓာတ်က
အစာမကျေရင်ပူစေတတ်သည်။
(၆) စားသောက်ချိန်မှန်ပါစေ အစာမခံပါနှင့်။ အစာခံပြီးနောက်
တနင့်တပိုးစားသောအခါ လေခံတတ်သည်။
(၇) တစ်နေ့ လျှင် အနည်းဆုံး ရေ ၈-ခွက်သောက်ပါ။
(၈) အိပ်ယာမ၀င်ခင် အစာမစားပါနှင့်။
(၉) ဆေးလိပ် နှင့် အရက်ဖြတ်ပါ။
(၁၀) ထမင်းစားပြီးနောက် ပင်စိမ်းရွက်ဝါးစားခြင်းကလည်း
အကောင်းဆုံးအိမ်တွင်းကုထုံးပါ။
(၁၁) ဝေဒနာခံစားရပါက၊ ပါးဆောင်(ခံတွင်း)ထဲတွင်
ထန်းလျက်ငုံ၍ဖြည်းဖြည်းချင်းမျိုချပေးပါ။
(၁၂) အစာမကျေရင်ပူသည့် လက္ခဏာပြသည်နှင့် ဗာဒီသီး စားပေးလိုက်ပါ။
(၁၃) ရောဂါခံစားရမှုပေါ်မူတည်၍ အုန်းရေကို တစ်နေ့  ၄ ကြိမ် (သို့ မဟုတ်)
၅ကြိမ်သောက်ပါ။
(၁၄) နို့ အေးသောက်ခြင်းကလည်း အစာမကြေ ရင်ပူခြင်းကို တမဟုတ်ချင်း သက်သာလာစေသည်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို
ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်
>>
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)
ကျန်းမာရေး သတင်းအကြောင်းအရာများ နေ့စဉ်ဖတ်ရန်
Online ဆေးခန်း >>> http://goo.gl/Q9UpvQ
Visit website
ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်မြို့ မျိုးထွန်း adms Thank .Wecome to ရှုတိုင်းယဉ်
စီပိုးလူနာတွေအတွက်သတင်းကောင်း
#စီပိုးလူနာတွေအတွက်သတင်းကောင်း ======================== မကြာမီနှစ်များအတွင်း အသ...
Online ဆေးခန်း's Facebook Wall / Online ဆေးခန်း / 1 days ago
#စီပိုးလူနာတွေအတွက်သတင်းကောင်း
========================
မကြာမီနှစ်များအတွင်း အသည်းရောင်စီပိုးအတွက် ထိုးဆေး Interferon မပါဘဲ စားဆေးချည်းသက်သက် Directly Acting Agents( DAA) မျိုးစုံပေါင်း၍ #၁၂ပတ်ကာလတို ကုရုံဖြင့် ပျောက်ကင်းနိုင်မည့် ဆေးများ ရရှိလာတော့မည်ဖြစ်ပါတယ်။
#Sofosbuvir နှင့် #Ledipasvir ပေါင်း၍ ဆေး (၁) ပြား၊ တစ်နေ့ တစ်ကြိမ်သောက်ရသော ဆေးသစ် စီပိုးအမျိုးအစား (၁) အတွက်ပေါ်နေပါပြီ။ (၁၂) ပတ်ကြာမျှသာ ကုရပါသည်။ အသည်းခြောက်သူများတွင် (၁၆)ပတ်အထိကုရန်လိုပါတယ်။
#3D ဟုခေါ်သော ABT- 450/ombitasvir dasabuvir ဆေး (၃)မျိုးပေါင်းသည် စမ်းသပ်ဆဲနေဖြစ်ပါတယ်။ ကုထုံးသစ်များ ပျောက်နှုန်းကောင်းလာပြီး အချိန်တိုအတွင်း သုံးစွဲနိုင်သဖြင့် ကုထုံးသစ်များကို အသည်းရောင်စီပိုးကူးစက်မှု ကာကွယ်ရေးအဖြစ် သုံးစွဲရန် စီမံနေကြပါတယ်။ ဆေးသစ်များ စရိတ်စက ကြီးသဖြင့် အဟန့်အတားတစ်ခု ဖြစ်နေပါသည်။
Credit - #Liver_Foundation_Handbook
Zifam Myanmar page မှကောက်နုတ်တင်ပြပေးပါသည်။
ကျန်းမာရေး သတင်းအကြောင်းအရာများ နေ့စဉ်ဖတ်ရန်
Online ဆေးခန်း >>> http://goo.gl/Q9UpvQ
Visit website
ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်မြို့ မျိုးထွန်း adms Thank .Wecome to ရှုတိုင်းယဉ်
ဘုရားပန်းမညှိုးစေနဲ့
^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^
ဘုရားပန်းကို အညှိုးမခံပါနဲ့..
သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့..
ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင်
ရွတ်နေစရာမလိုပါဘူး..
ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်...
သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင်
အိမ်တွင်းရေး အေးချမ်းပါတယ်..
အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင် .......
မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ
လဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ်..
အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင်တောင်မှ
မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ
တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်..
ငါအလုပ်များတယ် အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီး
သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့..
ဘယ်နေရာမှာမဆိုမိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင်
ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး "မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်"
လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်......
ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး......
ဒါဟာ ငွေမကုန်ပဲ အလိုလိုရနေတဲ့ ကုသိုလ်ပါ......
သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူး..
ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ်(နေ့၁၂နာရီမကျော်သေးရင်)
မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါတယ်......
သရဏဂုံရွတ်နေတဲ့အချိန်ကိုမြတ်စွာဘုရား
ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါတယ်..
ရွတ်ပြီးသွားပြီဆိုတော့မှ "အရှင်ဘုရား ဘုဉ်းပေးပြီးပြီဖြစ်လို့ တပည့်တော်ကို ဆေးအဖြစ်စွန့်တော်မူပါဘုရား" လို့စွန့်ပြီး စားပါတယ်..
ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာပါတယ်..
တစ်ချို့လူတွေက ဆွမ်းတော်စွန့်တာစားရင်ဘုန်းနိမ့်တယ်
ဉာဏ်ထိုင်းတယ်ဆိုပြီး မစားကြပါဘူး.....
တစ်ကယ်တော့ ဒီစကားဟာသထုံဘုရင် မနုဟာမင်းကို
အကြောင်းပြုပြီး ပေါ်လာတဲ့ စကားသာဖြစ်ပါတယ်..
မနုဟာမင်းဟာ စကားပြောရင် အာခံတွင်းကအရောင်ဝင်းဝင်း
တောက်တဲ့အထိ ဘုန်းတန်ခိုးကြီးမားတဲ့ဘုရင်တစ်ပါး ဖြစ်ပါတယ်..
သူဟာ လောကီအစီအရင်များနဲ့ စီမံထားတဲ့ ဆွမ်းတော်ကျကို
စားမိသည့်အတွက် အာခံတွင်းမှအရောင်များ ပျောက်ကွယ်သွားပါတယ်..
ဒီလိုဖြစ်ရတာဟာ ဆွမ်းတော်ကျစားခြင်းကြောင့် မဟုတ်ပါ..
လောကီအစီအမံကြောင့် သော်လည်းကောင်းထည့်ကျွေးသည့်
မနောလင်ပန်း မသန့်ရှင်းသောကြောင့်လည်းကောင်း
ပျောက်ကွယ်ခဲ့ရခြင်းသာဖြစ်ပါတယ်..
နောက်တစ်ခုက မသိနားမလည်ကြတဲ့ကလေးတွေဘုရားရှင်အတွက်
ကပ်လှူထားတာတွေကိုယူစားမှာ စိုးတဲ့အတွက်ကြောင့်
လူကြီးမိဘတွေကမစားဝံ့အောင် ခြောက်လှန်တားမြစ်ထားခြင်း
ကြောင့်ဆွမ်းစွန့်ပြီးလည်းမစားဝံ့ မစားရဲဖြစ်သွားကြတာပါ..
ရှေးကဆရာတော်ကြီးများဆိုရင် ဆွမ်းခံကြွပြန်လာပြီးရင်
သပိတ်အတိုင်းဘုရားရှင်ကို ဆပ်ကပ်ပြီးမှ
သပိတ်ကိုစွန့်ပြီး ဘုဉ်းပေးလေ့ရှိပါတယ်တဲ့..
ဆွမ်းတော်စွန့်တာစားရင် ဉာဏ်ထိုင်းတယ်ဘုန်းနိမ့်တယ်လို့
ကျမ်းဂန်များထဲမှာ မိန့်တော်မမူခဲ့ပါဘူး..လို့ ဆရာတော်များ၏တရားများ စာအုပ်များမှာနာဖူး ဖတ်ဖူးပါတယ်..
ဒီလောက်ဆို အတုမရှိမြတ်ဗုဒ္ဓကို အာရုံပြုကပ်လှူပြီးမှ
စွန့်ပြီးစားတာဟာကောင်းမကောင်း သင့်မသင့် ဆိုတာကို
မိမိတို့၏ဦးနှောက် အသိဉာဏ်က ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်..
Ohmar Shin
မေ့ဆေးပါတဲ့ ဆပ်ပြာ
သတိထားရမည့် မေ့ဆေးပါတဲ့ ဆပ်ပြာတုံးများ
---------------
သင့်အိမ်မှာ တစ်ဦးတည်း ကျန်နေခဲ့တတ်သည်
ခုပုံမှာမြင်နေရ
ဆပ်ပြာတုံးလေးတေ
ဒီပစ္စည်းတွေကို ဟောင်ကောင်ကနေ
ထိုင်းနိုင်ငံထဲ
နယ်လှည့်ပြီး ရောင်းနေတယ်လို့
လမ်းမှာတွေ့ခဲ့ရ
အဲဒီပစ္စည်းကိုလည
မြန်မာနိုင်ငံမှ
မူးမေ့နိုင်ပြီး
ဆင်ခြင်နိုင်ပါေ
(မသိသေးတဲ့သူတွေ
မေတ္တာ - ကူညီရေးအဖွဲ့ 
ရဟန္တာ တို့ မည်သည် •••••••••••••••••
ရာ ဟု လာ added 5 new photos.
••••••••••••••••••••••••
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
အာသဝေါတရား ကင်းပြီးသော
ရဟန္တာတို့ မထိုက်သောအရာ(၉)မျိုးရှိ၏။
၁။ သေစေလို၍ သတ္တဝါကို ဇီဝိတိနြေ္ဒမှချ
ခြင်း။
၂။ မပေးသည်ကို ခိုးလိုသောစိတ်ဖြင့် ယူ
ဆောင်ခြင်း။
၃။ မေထုန် အကျင့် မှီဝဲ ခြင်း။
၎။ သိလျက် မဟုတ်မမှန်သော စကားကို
ပြောခြင်း။
၅။ ရှေးလူဖြစ်စဉ် အခါကပြုသကဲ့သို့ ဝတ္တု
ကာမ ၊ ကိလေသာကာမ စုဆောင်းခြင်း၊
၆။ ချစ်သဖြင့် မလားအပ်သည့် နေရာသို့
လားခြင်း။
၇။ မုန်းသဖြင့် မလားအပ် သည့် နေရာသို့
လားခြင်း၊
၈။ မသိ သဖြင့် မလားအပ်သည့် အရာသို့
လားခြင်း၊
၉။ ကြောက်သဖြင့် မလားအပ် သည့်
အရာသို့ လားခြင်း။
အာသဝေါတရား ကင်းပြီးသော
ရဟန္တာ တို့သည် ဤ (၉) ပါးသော အမှု
တို့နှင့် ကင်းရှင်းပေသည်။
အမေ့ဆုတောင်း
၁။ငါအိုသွားသောအ
၂။ချိနဲ့နဲ့လက်ေ
၃။အပ်ကြောင်ထပ်မ
၎။မလှုပ်ရှားနိုင
၅။စိတ်သွားတိုင်
၆။တနေ့ထက်တနေ့အိ
ငါလမ်းညွှန်ခဲ့သလ
ချစ်ခြင်းမေတ္တာန
ထာဝရပျော်ရွှင်ချ
*သားသ္မီးတိုင်းမ
ရဟန္တာ တို့ မည်သည် •••••••••••••••••
ရာ ဟု လာ added 5 new photos.
••••••••••••••••••••••••
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
အာသဝေါတရား ကင်းပြီးသော
ရဟန္တာတို့ မထိုက်သောအရာ(၉)မျိုးရှိ၏။
၁။ သေစေလို၍ သတ္တဝါကို ဇီဝိတိနြေ္ဒမှချ
ခြင်း။
၂။ မပေးသည်ကို ခိုးလိုသောစိတ်ဖြင့် ယူ
ဆောင်ခြင်း။
၃။ မေထုန် အကျင့် မှီဝဲ ခြင်း။
၎။ သိလျက် မဟုတ်မမှန်သော စကားကို
ပြောခြင်း။
၅။ ရှေးလူဖြစ်စဉ် အခါကပြုသကဲ့သို့ ဝတ္တု
ကာမ ၊ ကိလေသာကာမ စုဆောင်းခြင်း၊
၆။ ချစ်သဖြင့် မလားအပ်သည့် နေရာသို့
လားခြင်း။
၇။ မုန်းသဖြင့် မလားအပ် သည့် နေရာသို့
လားခြင်း၊
၈။ မသိ သဖြင့် မလားအပ်သည့် အရာသို့
လားခြင်း၊
၉။ ကြောက်သဖြင့် မလားအပ် သည့်
အရာသို့ လားခြင်း။
အာသဝေါတရား ကင်းပြီးသော
ရဟန္တာ တို့သည် ဤ (၉) ပါးသော အမှု
တို့နှင့် ကင်းရှင်းပေသည်။
Saturday, April 18, 2015
ကြာပြီ mp3
https://docs.google.com/file/d/0ByXvAYEQrkGXSG5wUkQ5VF9QT2c/edit?usp=docslist_api
ရှုတိုင်းယဉ် မိုဘိုင်း ဟိုပင်မြို့ မျိုးထွန်း adms Thank .Wecome to ရှုတိုင်းယဉ်